မတူညီတဲ့ Skin concern အမျိုးမျိုးနဲ့ Skin types တွေအတွက် Treatment product တွေသုံးတဲ့အခါ ဘယ်လို Ingredient တွေကို အဓိကထားရွေးသင့်လဲ❓❓
1️⃣အဆီတွေ အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ပြီး Breakout တွေထွက်တတ်တဲ့ အသားအရေတွေအတွက်
ချွေးပေါက်တွေ မွှေးညှင်းပေါက်တွေမှာပိတ်မိနေတဲ့အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ Exfoliator တွေဖြစ်တဲ့ BHA
Breakout တွေကို လျှော့ချပေးနိုင်တဲ့ သဘာဝ Ingredient တွေဖြစ်တဲ့ GreenTea,Mugwort,Tea Tree, Witch Hazel Extract တို့ကို သုံးပါ
2️⃣Oily/Combination Skin မှာမှ Breakout ဖြစ်တတ်တယ်။ Aging sign တွေ ရှိတတ်တဲ့ အသားအရေတွေအတွက်
Aging sign တွေကိုသက်သာစေတဲ့ Non-Drying Exfoliant ingredient ဖြစ်တဲ့ AHA
Hydrating Antioxidant တွေဖြစ်တဲ့ Niacianmide,GreenTea,Mugwort
Skin Brightening ingredient ဖြစ်တဲ့ Vitamin C တို့ကို သုံးပါ
3️⃣Oily/Combination ကိုမှ Breakout ဖြစ်တယ်။ Sensitive ဖြစ်တဲ့ အသားအရေတွေအတွက်
Exfoliant ဖြစ်တဲ့ BHA မှာမှ Mild ဖြစ်ပြီး အသားခြောက်တာ ၊ အသားယားတာမျိုးမဖြစ်ရအောင် BHA ပါဝင်မှု % နည်းတဲ့ Product မျိုးကိုသုံးပါ
4️⃣Redness ဖြစ်တယ်။Sensitive ဖြစ်တယ်။ တစ်ခါတစ်လေမှာ Breakout ဖြစ်တတ်တဲ့ အသားအရေတွေအတွက်
Soothing & Calming ingredients တွေဖြစ်တဲ့ Aloe Vera,Heartleaf တို့ကိုသုံးပါ
5️⃣Redness ဖြစ်ပြီး Rosacea ရှိတယ်။ Sensitive ဖြစ်တယ်။ Dehydrating ဖြစ်ပြီး Aging sign အနည်းငယ်ပေါ်တတ်တဲ့ အသားအရေတွေအတွက်
Gentle ဖြစ်ပြီး Soothing ဖြစ်တဲ့ Ceramide,Cica,Heartleaf တို့ကိုသုံးပါ
6️⃣အသားခြောက်ပြီး ပင်ပန်းတဲ့အသားအရေတွေ ၊ Sun Damage ဖြစ်တဲ့အသားအရေတွေအတွက်
Firming & Energizing ဖြစ်တဲ့ Peptide,Bifida နဲ့ Retinol တို့ကိုသုံးပါ
7️⃣အသားခြောက်ပြီး Skin Tone မညီဘူး။ အသားညစ်တယ်။ Sum damage ရှိတဲ့ အသားအရေတွေအတွက်
Cell တွေကို Turnover ဖြစ်စေတဲ့ AHA,
အသားအရေကို အားဖြည့်ပေးတဲ့ Peptide,
Moisture ဓာတ်ကို Store လုပ်ပေးတဲ့ Jojoba oil တို့ကို သုံးပါ
8️⃣အသားခြောက်တယ်။ နီရဲယားယံတတ်ပြီး Fine line တွေ Wrinkle တွေရှိတဲ့ အသားအရေတွေအတွက်
Avocado Oil,Soothe ဖြစ်စေတဲ့သဘာဝ Ingredient တွေနဲ့ Skin barrier ကို strength ဖြစ်စေတဲ့ Hyaluronic Acid , Heartleaf,Ceramide,Bifida တို့ကို သုံးပါ။
ဒါကတော့ generally အရ ဖြစ်လေ့ဖြစ်ထရှိတဲ့ Skin types လေးတွေနဲ့ သုံးနိုင်တဲ့ ingredients တွေကိုပြောပြပေးထားတာမို့ အားလုံးနဲ့ကွက်တိမကျရင်အောင် အဆင်ပြေမယ်လို့ထင်ပါတယ်နော်


